ဖေဖော်ဝါရီ ၂၃၊ VOR
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA အနေဖြင့် စစ်အာဏာရှင်မှ ပြည်သူများအပေါ် ပိုမိုဖိနှိပ်လာသည်ကို နားနှင့်မဆံ့အောင် ကြားသိရပြီး တော်လှန်လိုသော ပြည်သူများကို ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း SSPP/ SSA က ဖေဖော်ဝါရီ ၂၁ရက်နေ့က ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်လိုက်သည်။
ယခု လက်ရှိအခြေအနေတွင် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုများသည် စစ်အာဏာရှင်တို့၏ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကို ခံနေရသည့်သတင်းများ နေ့စဉ်နားမဆံ့အောင်ပင် ကြား သိနေရကြောင်း၊ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး၏ နိယာမတရား အတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူ လူထုများ တော်လှန်သောလမ်းစအသီးသီးကို ရှာကြံ နေကြသည်ကိုလည်း ကြားသိနေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် မိမိတို့ SSPP/ SSA သည် တော်လှန်သောလမ်းစကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုများအတွက် မိမိတို့ SSPP/ SSA ၏ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်း ကမ်း တို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုဆိုနေမည် ဟု SSPP က ဖိတ်ခေါ်ထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA သည် ရှမ်းပြည်လက်နက် ကိုင်တော် လှန်ရေး၏ တောင်းဆိုတိုက်တွန်းချက်အရ ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ ရှမ်း ပြည်လူမျိုးပေါင်းစုံ မိဘပြည်သူလူထုအား အလုပ်အကျွေးပြုသွားနိုင်ရန် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည် သူ လူထုအတွင်းမှ မွေးဖွားသန့်စင်ထွက်ပေါ်လာခဲ့သော ပါတီအဖွဲ့အစည်းနှင့် တပ်မတော်ဖြစ် ကြောင်း သိရသည်။
SSPP/ SSA အနေဖြင့် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကိုဆန့်ကျင်ပြီး လူမျိုး ပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တို့ကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်