Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ကချင်ပြည်နယ် မြို့လှမြို့က စစ်တပ်ဗျူဟာအထိုင်စခန်းကုန်းအား စခန်းစွန့်သွားကြသဖြင့် KIA + PDF တပ်များက ပြန်လည်ထိန်းချုပ်

ကချင်ပြည်နယ် မြို့လှမြို့က စစ်တပ်ဗျူဟာအထိုင်စခန်းကုန်းအား စခန်းစွန့်သွားကြသဖြင့် KIA + PDF တပ်များက ပြန်လည်ထိန်းချုပ်

ဖေဖော်ဝါရီ ၂၃၊ VOR

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ KIA အမှတ်(၅)နှင့် မြို့လှ K-PDF တပ်ရင်း နယ်မြေ အတွင်းက အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာအထိုင်စခန်းကုန်းအား အကြမ်းဖက်စစ်ကောင်စီတပ်မှ စခန်းစွန့်ခွာသဖြင့် တော်လှန်ရေးတပ်များက ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြို့လှ K-PDF က သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းသည် လွန်ခဲ့သော ၂၀၀၂ ခုနှစ်အတွင်းက အထိုင်တပ်စွဲနေထိုင်ခဲ့သော တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇)ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော ဗျူဟာစခန်းကုန်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသဖြင့် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှK-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

You may have missed