Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

PNLA ကို ခြောင်းမြောင်းပစ်ခတ်သည့် စစ်အုပ်စု ၂ဦးထက်မနည်းသေဆုံး၊ မူးယစ်ဆေးဝါးနှင့်ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိ

PNLA ကို ခြောင်းမြောင်းပစ်ခတ်သည့် စစ်အုပ်စု ၂ဦးထက်မနည်းသေဆုံး၊ မူးယစ်ဆေးဝါးနှင့်ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိ

ဖေဖော်ဝါရီ၁၆၊ VOR

ရှမ်းပြည်တော်ပိုင်း၊ ဆီဆိုင်မြို့တွင် PNLA၏ လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်နှင့်အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ စစ်အုပ်စုဘက်မှ ၂ဦးထက်မနည်းသေဆုံးပြီး ခဲယမ်းအချို့နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်ဟု PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံအပေါင်းအပါပြည်သူ့စစ်များသည် ဆီဆိုင်မြောက်ဘက်တစ်နေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို လာရောက်ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့လာရောက်ပစ်ခတ်သည်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ရှင်းလင်းမှုပြုလုပ်ရာ မူးယစ်ဆေးဝါး အထုပ်ကြီး ၂ ထုပ်၊ အထုပ်သေး ၂ ထုပ် နှင့် ခဲယမ်းကျည်ဆံအချို့များ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီနှင့်အပေါင်းအပါများဘက်မှ ၂ ဦးထက်မနည်း ကျဆုံးခဲ့သည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may have missed