ဖေဖော်ဝါရီ၁၆၊ VOR
ရှမ်းပြည်တော်ပိုင်း၊ ဆီဆိုင်မြို့တွင် PNLA၏ လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်နှင့်အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ စစ်အုပ်စုဘက်မှ ၂ဦးထက်မနည်းသေဆုံးပြီး ခဲယမ်းအချို့နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်ဟု PNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံအပေါင်းအပါပြည်သူ့စစ်များသည် ဆီဆိုင်မြောက်ဘက်တစ်နေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို လာရောက်ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့လာရောက်ပစ်ခတ်သည်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ရှင်းလင်းမှုပြုလုပ်ရာ မူးယစ်ဆေးဝါး အထုပ်ကြီး ၂ ထုပ်၊ အထုပ်သေး ၂ ထုပ် နှင့် ခဲယမ်းကျည်ဆံအချို့များ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီနှင့်အပေါင်းအပါများဘက်မှ ၂ ဦးထက်မနည်း ကျဆုံးခဲ့သည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
I’m extremely inspired along with your writing talents as smartly as with the layout to your blog. Is this a paid subject matter or did you customize it your self? Anyway keep up the nice quality writing, it’s uncommon to peer a great blog like this one these days!