Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 22, 2026

KNLA ပူးပေါင်းတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း(၂)ခု ထပ်မံဆုတ်ခွာ

KNLA ပူးပေါင်းတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း(၂)ခု ထပ်မံဆုတ်ခွာ

ဖေဖော်ဝါရီ ၁၅၊ VOR

မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းလာရောက်တပ်စွဲသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို KNLAပူးပေါင်းတပ်ဖွဲ့မှ အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ရာ သောက်သုံးရေရရှိရန်ပင် ရဟတ်ယာဉ်များဖြင့်ပို့ဆောင်နေရသဖြင့် ရေရှည်မစွမ်းသာတော့ဘဲ စခန်းစွန့်ခွာကာ မနီးမဝေးရှိဗျူဟာတပ်စခန်းနှင့် ပူးပေါင်းသွားကြောင်း သိရသည်။

စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းများအား KNLA-အမှတ်(၅)တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ၎င်းတို့၏ စစ်ကြောင်းထိုးရာလမ်းများ၊ စားနပ်ရိက္ခာပို့ဆောင်ရာလမ်းများနှင့် သောက်သုံးရေဆင်းခပ်ရာလမ်းကြောင်းများအား မြေပြင်ခြေလျင်ဖြင့်အသုံးပြုခြင်းမရနိုင်သည့်အတွက် ရဟတ်ယာဉ်များဖြင့်သာအသုံးပြုနေရပြီး ရေရှည်ပို့ဆောင်ရန်မစွမ်းသာတော့သဖြင့် ၎င်းတို့၏တပ်စခန်းများအား အလျှိုလျှိုရုတ်သိမ်းလိုက်ရကာ မနီးမဝေးရှိ ဗျူဟာတပ်စခန်းနှင့် ပြန်လည်ပူးပေါင်းလျက်ရှိသည်ဟု သိရသည်။

ဖေဖေါ်ဝါရီလ(၁၀)ရက်၊ နံနက် ၆း၀၀နာရီအချိန်တွင် လယ်ကလေးကျိုးရှိ စစ်ကောင်စီ၏ ခမရ(၃၄၉)မှ ၎င်းတို့၏တပ်စခန်းအားစွန့်ခွာကာ ကျူလူတွင်တပ်စွဲထားသည့်တပ်ဖွဲ့များနှင့် ပြန်လည်ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့၊ နံနက် ၀၆း၀၀နာရီအချိန်တွင် ကျူလူစခန်းအား တဖန်ထပ်မံစွန့်ခွာကာ အတွင်းပိုင်းကျသည့်မော်ဖူးဗျူဟာစခန်းသို့ ပြန်လည်ပူးပေါင်းကြပြန်သည်ဟု ဆိုသည်။

လက်ရှိအနေအထားတွင် အဆိုပါမော်ဖူးစခန်းကိုလည်း KNLA-အမှတ်(၅)တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကလေးကျိုးစခန်းကို ၁၉၉၇ခုနှစ်တွင် စစ်ကောင်စီတပ်က လာရောက်ကာအခြေချတပ်စွဲထားပြီး ကျူလူစခန်းမှာမူ ၂၀၀၇ခုနှစ်တွင် လာရောက်အခြေချတပ်စွဲထားသည့်စခန်းများဖြစ်သည်။

ထို တပ်စခန်းနှစ်ခုလုံးကို အချိန်တိုကာလတစ်ရက်ခြားအတွင်း၌ပင် ရုတ်သိမ်းစွန့်ခွာသွားကြခြင်းဖြစ်သည်။

You may have missed