ဖေဖော်ဝါရီ ၇၊ VOR
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဖားကန့်လမ်းပေါ်ရှိ မအူပင်ရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှိူ့ဖျက်ဆီးသွားကာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်တွင် ဖားကန့်မြို့နယ် ကာမိုင်းအထက်ရှိ မအူပင်ရွာကို ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းနှင့် မင်းဇေဒန်ဦးဆောင်သည့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ ရှို့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ရွာလုံးကျွတ် မီးရှို့သွားခြင်းဖြစ်ပြီး ယခုဆိုလျင် အိမ်နှစ်လုံးသာ ကျန်ရှိတော့ကာ ရွာသားများအသက်ဘေးမှလွတ်မြောက်ရန်အတွက် ကြောက်လန့်တကြား ထွက်ပြေးနေကြရကြောင်း သိရသည်။
ရွာကိုမီးရှို့ဖျက်ဆီးမှုနှင့်အတူ ကချင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရ ဆရာ ဦးလရှီးတူးလွမ်အပါအဝင် ပြည်သူ ၃ ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးသွားကြောင်းသိရသည်။
ဖမ်းဆီးခံခဲ့ရသူများမှာ မအူပင်ရွာ နှစ်ခြင်းအသင်းတော်မှ ဆရာဉီးလရှီးတူးလွမ် ဉီးကျော်ဆန်း ကိုဇော်ဝငါ်အောင်တို့ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရုပ်သံမှတ်တမ်းများနှင့်တကွ တွေ့ရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖေါ်ဝါရီလ (၂) ရက်နေ့က စစ်ကောင်စီတပ်များအထိနာခဲ့သည့် နမ့်တင်းစခန်းသိမ်းတိုက်ပွဲကြောင့် ဖြစ်နိုင်ကြောင်း ရွာသားများက သုံးသပ်ပြောဆိုသည်။
ဖားကန့်ကားလမ်းပေါ်ရှိ နမ့်တင်းတပ်စခန်းကို ဖေဖော်ဝါရီလ ၅ရက်နေ့တွင် KIA က ဝင်ရောက်စီးနင်းသိမ်းပိုက်ထားပြီးဖြစ်သည်။
အဆိုပါ နမ့်တင်းနှင့်မအူပင်ရွာသည် ဆက်စပ်မှုမရှိဘဲ အနီးအနားတဝိုက်တွင် KIA တပ်များ လှုပ်ရှားလေ့ရှိသဖြင့် စစ်အုပ်စုက ကျူးလွန်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး စစ်ကောင်စီတပ်များသည် KIO ဌာနချုပ်ရှိသည့် လိုင်ဇာနှင့် နမ်ဆန်ယန်ကျေးရွာဘက်သို့ ထိုးစစ်အရှိန်ဟုန်မြင့်လာသော်လည်း ၄င်းတို့စစ်ရေးမအောင်မြင်ခဲ့ခြင်းသာမက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များက ၄ လအတွင်း စစ်ကောင်စီတပ်၏ စခန်းကြီး၊ ငယ် ၃၀ ကျော်ထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။




More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်