ဖေဖော်ဝါရီ ၃၊ VOR
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မ ရဲစခန်းဘေးရှိ ရဲ ၁၀ဦးခန့် အထိုင်ချနေသော ဘန်ကာကို တော်လှန်ရေးပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၃ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၁၆)တပ်ရင်းမှ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၃၁ရက် နံနက ၁၁နာရီ ဝန်းကျင်အချိန်တွင် ယင်းမာပင်ခရိုင် အမှတ်(၁၆)တပ်ရင်း ရဲဘော်များနှင့် ဆားလင်းကြီးကျေးရွာတပ်ပေါင်းစုရဲဘော်များက ဆားလင်းကြီးမြို့မ ရဲစခန်းဘေးရှိ ရဲ ၁၀ဦးခန့် အထိုင်ချနေသော ဘန်ကာကို RPG 7ဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ထားခဲ့သော်လည်း RPG 7 Errors ဖြစ်ခဲ့ပြီး ရဲစခန်းဘက်မှ ကြိုတင်တိုက်ခိုက်ခံရမှုတို့ကြောင့် Plan B အရ 40MM ၊ 60MM နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ရဲများအထိနာသောကြောင့် စခန်းထဲမှ ရဲများက ဒရပ်စပ် ပြန်လည်ပစ်ကူပေးခဲ့ပြီး ယင်းမာပင်ခရိုင်အမှတ်(၁၆)တပ်ရင်းမှလည်း တာဝေးပစ် လက်နက်ကြီး ၆၀ မမနှစ်လုံးပြန်လည်ပစ်ခတ်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရဲ ၃ဦး နေရာတင်လဲကျသွားခဲ့ပြီး ၁ဦးမှာပွဲချင်းပြီး သေဆုံးသွားသည်ဟု တပ်တွင်းသတင်းအရသိရကြောင်း ဖော်ပြထားသည်။
ယင်းမာပင်တပ်ရင်းမှ ရဲဘော်များနှင့် ဆားလင်းကြီးကျေးရွာတပ်ပေါင်းစုရဲဘော်များက ကျည်အင်အားအခက်အခဲကြောင့် ဘန်ကာအား မစီးနင်းနိုင်ခဲ့သော်လည်း တိုက်ပွဲဝင်ရဲဘော်များအထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်