ဖေဖော်ဝါရီ ၃၊ VOR
အာဏာသိမ်း ၃နှစ်တာကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲပေါင်း ၉၀၀ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားဒေသခံကာကွယ်ရေးအင်အားစုများမှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၃၆ခုကို သိမ်းပိုက်ထားပြီး ချင်းပြည်နယ်၏ ၇၅ရာခိုင်နှုန်းကို ချင်းဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်ထားကြောင်း Institute of Chin Affairs-ICA က သတင်းထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်ရှိ လက်နက်ချစွန့်ခွာခဲ့သော တပ်စခန်းနှင့် ရဲစခန်း ၁၂ခုရှိပြီး တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းမှာ ၂၄ခုရှိပြီဖြစ်ရာ စခန်းစုစုပေါင်း ၃၆ခုရှိပြီဖြစ်သည်။
လူဦးရေ ၅သိန်းမျှသာရှိသော ချင်းအမျိုးသားများအဖို့ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ၆၁၈ဦး အထိသေဆုံးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီး ၃နှစ်အတွင်း ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများနေထိုင်သော ဒေသများရှိ ဘာသာရေးအဆောက်အဦး စုစုပေါင်း ၁၀၈ကျောင်းအထိ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ထို့အပြင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူမှာလည်း ၂၈ဦး၊ ဖမ်းဆီးနှိပ်စက်ပြီး အလောင်းကိုဖောက်ဖျက်ခံခဲ့ရသော ချင်းအမျိုးသား ၁၁ဦး၊ ဆေးဝါးလုံလောက်မှုမရှိသောကြောင့် သေဆုံးသူ ၂၂ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့သော ချင်းအမျိုးသား ၁၀ဦးအထိရှိပြီးဖြစ်သည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါရ်၊ နှာရိန်း၊ လိုင်းလန်းပီ၊ ရေဇွာ၊ မကွီအိမ်နူး၊ ဆူရ်ခွား၊ ရေဇွာ၊ ဝေဘူလ စသည့်မြို့များကို ဒေသကာကွယ်တပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထို့ပြင် ဝန်ကြီးချုပ် ၁ ဦး၊ ဝန်ကြီး ၁၄ ဦးနှင့် ရှေ့နေချုပ် ၁ ဦး၊ တရားသူကြီးချုပ်နှင့် တရားသူကြီး ၂ဦးပါဝင်သည့် တရားလွှတ်တော်ချုပ်ကိုလည်း ဖွဲ့စည်းကာ ချင်းပြည် စာရင်းစစ်ချုပ်ပါဝင်သည့် ချင်းပြည်နယ် အစိုးရအဖွဲ့ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် ဖွဲ့စည်းနိုင်ပြီဖြစ်သည်။




More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ