Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 30, 2026

NUG လူ့အခွင့်အရေးဝန်ကြီး ကိုရီးယားလွှတ်တော်အမတ်များနှင့် တွေ့ဆုံ

NUG လူ့အခွင့်အရေးဝန်ကြီး ကိုရီးယားလွှတ်တော်အမတ်များနှင့် တွေ့ဆုံ

ဖေဖော်ဝါရီ ၂၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကိုရီးယားလွှတ်တော် ဆယ်မီနာခန်း(၂) ၌ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်သည့် ဆွေးနွေးကြားနာပွဲကို တက်ရောက်ပြီး မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း ကိုးရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ဝန်ကြီး ဦးအောင်မျိုးမင်းက နွေဦးတော်လှန်ရေး ၃-နှစ်ပြည့် အခြေအနေနှင့် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်သင့်သည်များကို ဟောပြောပြီး တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဖြေကြားခဲ့ကြောင်း သိရသည်။

ဆောင်ဂုန်ဟွဲတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘတ်အွန်ဟုန်း ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြောင်းလဲတိုးတက်လာသည့် မြန်မာ့နိုင်ငံရေး သုံးသပ်ချက် ဆွေးနွေးဝိုင်းကို ဆက်ပြီး ပြုလုပ်ခဲ့ရာ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂယောင်ဟီး၊ ဆောင်ဂုံဟွဲတက္ကသိုလ် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကျောင်းသားခေါင်းဆောင် နာအွန်ချန်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိတ်ချယ်၊ ဘူ့ဂယောင်းတက္ကသိုလ် သတင်းစာပညာပါရဂူကျောင်းသား ခန့်ဇင်၊ CDM ဗိုလ်ကြီးဟောင်း လင်းထက်အောင် တို့ ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် NUG ဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်ရုံးအဖွဲ့မှူး ဦးစိုးမိုးသူ တို့အဖွဲ့သည် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ဂိုယောင်အင်၊ လွှတ်တော်အမတ် ဘတ်ဂယောင်ဆွန်း တို့နှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

You may have missed