Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

မြင်းမူမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး၊

မြင်းမူမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး၊ တပ်ကြပ် ဇနီးနှင့် သမီးကို အရှင်ဖမ်းမိ

ဖေဖော်ဝါရီ ၂၊ VOR

ဟန်နီ

မြင်းမူမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို တော်လှန်ရေး မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံးပြီး ၁၀ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” တိုက်ပွဲက ၄၅မိနစ်ပဲကြာတယ် တပ်ကြပ်ရဲ့ မိန်းမနဲ့ သမီးကို အရှင်ဖမ်းမိတယ်” ဟု တော်လှန်ရေးရဲဘော် ၁ဦးက VOR ကိုပြောသည်။

အဆိုပါစစ်ဆင်ရေးကို DK MMU.အဖွဲ့၊ P.K.D.F.MMUအဖွဲ့၊ ဒေါင်းဘုရင် MMUအဖွဲ့ ၊ ဇေရာရွှေမြေ MMUအဖွဲ့၊ ဖိုက်တာ MMUအဖွဲ့ ၊ မိုးညို MMUအဖွဲ့၊ ရ.သ.လ. ပ.က.ဖ.အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မဟာမိတ်အဖွဲ့များ ထိခိုက်ဒဏ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/1059130042061934

You may have missed