ဖေဖော်ဝါရီ ၁၊ VOR
စစ်ကောင်စီနှင့် ဆက်နွယ်လုပ်ကိုင်နေသည့် ခရိုနီ လုပ်ငန်းရှင် ၄ ဦးနှင့် ကုမ္ပဏီ ၂ ခုတို့ကို အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အရေးယူပိတ်ဆို့ခံရတဲ့ ကုမ္ပဏီ၂ ခုမှာ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းအုပ်စု (SBP) နဲ့ မြန်မာ့ဦးပိုင်လီမိတက်အပိုင် မြန်မာကြယ်ငါးပွင့်ရေကြောင်းကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိုလ် ၄ ဦးမှာ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်၊ သမီးဖြစ်သူ သိမ့်ဝင်းထက်၊ သားဖြစ်သူ ဝင်းပိုင်ကျော် တို့ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပူးပေါင်း၍ တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီ (Telenor Myanmar) ကို ဝယ်ယူရန် စစ်ကောင်စီခွင့်ပြုလိုက်သူမှာ ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြခဲ့သည်။
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ အထင်ကရလုပ်ငန်းတစ်ခုမှာ စက်သုံးဆီတင်သွင်းရောင်းချခြင်းဖြစ်ပြီး ‘SBP’ ဟု ဆိုင်းဘုတ်တင်ထားသည့် စက်သုံးဆီအရောင်းဆိုင်များမှာ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ဖြစ်သည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ရှင် မိသားစုဖြစ်သော ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သား ဝင်းပိုင်ကျော်နှင့် သမီး သိမ့်ဝင်းထက်တို့၏ အမည်များပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိရှိသည်ဟု Myanmar Now ကဆိုထားသည်။
ရွှေဗျိုင်းဖြူကုမ္ပဏီသည် မြန်မာစစ်တပ်လက်အောက်ခံ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့များပိုင်ဆိုင်သော ကျောက်စိမ်းကုမ္ပဏီများမှတစ်ဆင့် ဖားကန့်ဒေသထွက် ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ ရောင်းချလျက်ရှိပြီး ထိုမှရရှိသော တရုတ်ယွမ်ငွေများကို ရန်ကုန်နှင့် မန္တလေးသို့ နယ်စပ် တရားမဝင်ငွေလွှဲများမှတစ်ဆင့် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ငွေစာရင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်သည်။
၂၀၀၀ ပြည့်နှစ်တွင် ကုမ္ပဏီစတင်တည်ထောင်ခဲ့သည့် ရွှေဗျိုင်းဖြူအုပ်စု(SBP)သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက် (MEHL) ကိုယ်စား မြန်မာစစ်တပ်အတွက် ရေနံတင်သွင်းဖြန့်ဖြူးပေးသလို SBP လက်အောက် ကုမ္ပဏီခွဲ အနည်းဆုံး ၉ ခုရှိပြီး ရေနံလုပ်ငန်း၊ ထုတ်လုပ်ရေးနဲ့ ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ