Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
January 12, 2026

ပလက်ဝမြို့တွင် စစ်တပ်က ထွက်ပြေးလာသော ဗိုလ်ကြီး ၁ဦးနှင့် ၁၅ဦးကို ချင်းဒေသကာကွယ်ရေးတပ်က ဖမ်းမိ

ပလက်ဝမြို့တွင် စစ်တပ်က ထွက်ပြေးလာသော ဗိုလ်ကြီး ၁ဦးနှင့် ၁၅ဦးကို ချင်းဒေသကာကွယ်ရေးတပ်က ဖမ်းမိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ဗိုလ်၁ဦးအပါအဝင် ၁၅ ဦးကို ချင်းဒေသကာကွယ်ရေးတပ် CDF – Daai က အရှင်ဖမ်းမိထားပြီး ဆေးကုသပေးနေကြောင်း CDF – Daai က ယနေ့ သတင်းထုတ်ပြန်သည်။

တပ်မ ၁၁ – ခမရ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာ သုံးပွင့်ဗိုလ်ကြီးအဆင့် (၁) ဦး၊ နှစ်ပွင့် ဗိုလ်အဆင့် (၁) ဦးနှင့် ထောက်လှန်းရေးအရာရှိ (IO) တစ်ဦး အပါအဝင် အကြပ်ရဲဘော် စုစုပေါင်း (၁၅) ဦးကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် CDF-Daai မှ ဒိုင်ရ်ဒေသအတွင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများတွင် ပြင်းထန်ဒဏ်ရာ (၃) ဦးနှင့် သာမာန်ဒဏ်ရာ (၂) ဦး တို့ကို CDF – Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးကာကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF – Daai မှ ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ဤသတင်းထုတ်ပြန်သည့် (၁.၂.၂၀၂၄) ရက်နေ့မှ ( ၄.၂.၂၀၂၄) ရက်နေ့အထိ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် အသိပေး ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၉ရက်နေ့က ချင်းပြည် (Chinland)၊ ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၁)စီး ဗုံး (၅)လုံးဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ(၇)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ပြင်းထန်သည့်စစ်ရေး တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု CDF – Daai က အသိပေးထားသည်။

You may have missed