Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
December 8, 2025

ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံး

ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံး၊ထောက်လှန်းရေး ရဲ၂ဦးနှင့် စစ်သား ၃ဦး ထပ်မံဖမ်းမိပြီး KNDF ထံလွှဲပြောင်း

ဖေဖော်ဝါရီ ၁၊ VOR

ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ကျားဖြူစစ်ကြောင်း တပ်ခွဲ (၂)၊ တပ်ခွဲ (၆) နှင့် နယ်မြေခံ ပူးပေါင်းစစ်ကြောင်းမှ ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် ဇန်နဝါရီ ၂၇ရက်နေ့က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ရက်နေ့တွင်လည်း ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃)၊ ဂဠုန်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များမှ ကော့ကရိတ်မြို့နယ် ၈တိုင်နှင့် ၉တိုင် ကြားတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် (၂) ဦးနှင့် စကခ (၁၂) မှ စစ်သား (၃) ဦးအား ဖမ်းဆီးမိခဲ့ရာ KNDO တပ်ရင်း (၆) သို့ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

ချောင်းတောင်မြို့မ ဘုရားတွင် တပ်စွဲထားသော အကြ၊မ်းဖက် စစ်ကောင်စီလက်အောက်ခံတပ်များအား ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံး

You may have missed