Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 31, 2025

ဆီဆိုင်မြို့တွင်တိုက်ပွဲများဆက်ရှိနေ၊ စစ်သားအလောင်း ၅၀နှင့် လက်နက် ၅၀ PNLA ရရှိ

ဆီဆိုင်မြို့တွင်တိုက်ပွဲများဆက်ရှိနေ၊ စစ်သားအလောင်း ၅၀နှင့် လက်နက် ၅၀ PNLA ရရှိ၊ ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကိုရွေးချယ်ရခြင်းဟု ဆို

ဇန်နဝါရီ ၃၁၊ VOR

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီအလောင်း ၅၀ခန့်နှင့် လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်တွင် စစ်ကောင်စီတပ်နှင့် ဆီဆိုင်မြို့မြောက်ဘက် တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် နယ်မြေရှင်းလင်းရာစစ်ကောင်စီအလောင်း ၅၀ခန့်ကျန်ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများ လေယာဉ်များ အသုံးပြုပစ်ခတ်ပြီး ဖျက်စီးနေလျက်ရှိသည်ဟု ဆိုသည်။

ယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း ပအိုဝ်းတို့အထွဋ်အမြတ်ထားရာဖြစ်သည့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ အမည်ကို အလွဲသုံးစားပြုပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များကို လိမ်လည်စုဆောင်းနေသည်ကိုသိရကြောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ယင်းဒေသများတွင် တပ်ဖွဲ့ဝင်အသစ်များ စုဆောင်းခြင်းမရှိပါကြောင်း အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့နှင့်ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် မြို့တွင်းအခြေအနေသည် လုံခြုံမှုအားနည်းနေဆဲဖြစ်ကြောင်း ပြည်သူများအနေဖြင့် မလိုလားသည့်ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင့်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန် နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ပအိုဝ်းဒေသ ထာဝရ လုံခြုံဘေးကင်းရေး ပြည်သူများလွတ်လပ်လုံခြုံစွာသွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါသော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကိုရွေးချယ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် တန်းတူညီမျှရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းသည့်လူမှုဘဝကို တည်ဆောက်နိုင်ရေး လက်ရှိအခြေအနေကို ပြည်သူလူထုများမှ နာလည်ပြီး ဘေးကင်းလုံခြုံရာတွင်ခေတ္တယာယီခိုလှုံကြပါရန် တိုက်တွန်းထားသည်။

You may have missed