ဇန်နဝါရီ ၃၀၊ VOR
NUG နှင့် CRPH ကိုယ်စား လှယ်များက အမေရိ ကန် အောက်လွှတ်တော် တွင်ပြုလုပ်သည့် မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှု အခြေအနေများ ရှင်းလင်းပွဲ တက်ရောက် ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG သမ္မတရုံးက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်သတ်ဖြတ်မှု တိုးမြင့်လာခြင်းနှင့် လူသားခြင်းစာနာမှု ကျဆင်းလာသည့် အခြေအနေများအပေါ် အမေရိကန်အောက်လွှတ်တော် အဆောက်အဦးတွင် ရှင်းလင်းတင်ပြပွဲတရပ် ပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရှင်းလင်း ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ Frederick Davie လည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာအပေါ် ဖိနှိပ် ကျူးလွန်မှုများကို တာဝန်ယူ၊တာဝန်ခံမှုရှိလာစေရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်လုပ်ဆောင်လာနိုင်ရေး ဆွေးနွေးကြကြောင်း သိရသည်။
ထို့ပြင် ထိုရှင်းလင်းပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်တပ်က မတရား အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက ခရစ်ယာန် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးခြင်း၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီး၊ထောင်သွင်းအကျဉ်းချခြင်း၊သတ်ဖြတ်ခြင်းတို့ တိုးမြှင့်ကျူးလွန်လာသည့် အခြေအနေများကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ချင်းလူ့အခွင့်အရေးလှုပ်ရှားသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                


 
                                         
                                         
                                         
                                        
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ