Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ရေတာရှည် ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး

ရေတာရှည် ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး

ဇန်နဝါရီ ၃၀၊ VOR

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကူးတို့ကုန်းကျေးရွာ မှ ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကာင်စီတပ်ဘက်မှ ၃ဦးသေဆုံးပြီး ၆ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ရေတာရှည်မြို့နယ် ကူးတို့ကုန်းကျေးရွာ မှတဆင့် စစ်တောင်းမြစ်ကိုဖြတ်ကျော်ပြီး ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိစကစစစ်ကြောင်းနှင့် ပုဝါနီစစ်ကြောင်းပွိုင့်တို့ နေ့လည် ၂ နာရီခန့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲချိန် ၁နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ကူးတို့ကုန်းကျေးရွာမှ ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ စစ်တောင်းမြစ်ကို ဖြတ်ကူးနေစဉ် ကဲလင်းဆိပ်ကျေးရွာမြောက်ဘက်၌ အသင့်စောင့်ဆိုင်းနေသော ပုဝါနီစစ်ကြောင်းပွိုင့်များမှ ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ထို့နောက် အနောက်သို့အနည်းငယ်ပြန်ဆုတ်၍ ခံစစ်ပြင်ထားချိန် အနောက်မှစစ်ကူလိုက်လာသော နေပြည်တော်PDF နှင့်ပူးပေါင်း၍ ညနေ၅နာရီခန့်တွင် ၄၀mm နှင့် စတင်ပစ်ခတ်ပြီး ၁နာရီခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကူထပ်မံရောက်ရှိလာသော ကီးကူစစ်ကြောင်းနှင့် အထူးဒေသ တို့ ထပ်မံပူးပေါင်းကာ ကဲလင်းဆိပ်‌ကျေးရွာတွင်၀င်‌ရောက်အထိုင်ချထားသော စစ်တပ်ကို ည၁၀နာရီခန့်အချိန်တွင် တော်လှန်ရေးပူးပေါင်း အင်အားစုတို့မှ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ အထိခိုက်ကျဆုံးကို အတိအကျမသိရသေးသော်လည်း တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

ရေတာရှည် ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး

You may have missed