ဇန်နဝါရီ ၃၀၊ VOR
တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် နိုင်ရေး မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က ထုတ်ပြန် ပြောဆိုလိုက်သည်။
အဆိုပါ ပြောဆိုမှုကို ဇန်နဝါရီလ ၂၀ ရက် မှ ဇန်နဝါရီလ ၂၉ ရက် အထိ ပြုလုပ်ခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ နှစ်ချုပ်အစည်းအဝေး ဗဟိုဌာနချုပ်၌ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေလုပ်ငန်းစဉ် ချမှတ်ထားသော မှုဝါဒအတိုင်း အာဏာ ရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန်ကျင်ပြီး တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စုတည်ဆောက်နိုင်မည်ဖြစ်သည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။
သို့ပါ၍ အာဏာရှင်စနစ် ၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ဗိုလ်ချုပ်ကြီး ဆေထင်က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၃) ဦး၊ အရံဗဟိုကော်မတီဝင် (၆) ဦးနှင့် တပ်ကိုယ်စားလှယ် (၁၂၅) ဦး၊ နယ်ဘက်အုပ်ချုပ်ရေး ဘက်ကိုယ်စားလှယ် (၄၈) ဦး၊ ဗဟိုဌာနများနှင့် ရုံးအဖွဲ့ဝင်များ (၅၀) ဦး စုစုပေါင်း (၂၅၃) ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မူးယစ်ဆေးဝါး အန္တရာယ်နှင့် အလားတူ လူထုအကျင့် စာရိတ္တ ပျက်ပြားစေပြီး ကမ္ဘာ့နိုင်ငံနှင့်ပတ်ဝန်းကျင် နိုင်ငံများ ၏ စီးပွားရေး ကို ခြိမ်းခြောက်နေသည် ကျားဖြန့်လုပ်ငန်း (သို့မဟုတ်)အွန်လိုင်းငွေကြေး လိမ်လည် သည့်လုပ်ငန်းများကိုလည်း ဖော်ထုတ် တားဆီးပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်အပ်နှံခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေ ရရှိရေး၊ လမ်း၊ တံတားများ တည်ဆောက် ရေးအပြင် ဒေသတွင်းရှိ မိဘပြည်သူများလူထုကို လူနေမှုဘဝမြှင့်တင်ရေး ၊ စားဝတ်နေရေး ချောင် လည်စေရေး အတွက် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးခြင်း ၊ အကာအကွယ်ပေးခြင်း လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SSPP က ကြေညာချက်တွင် ရေးသားထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ