Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
February 15, 2026

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ဦးကို စစ်ကောင်စီက တရုတ်ဘက်လွှဲပြောင်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ဦးကို စစ်ကောင်စီက တရုတ်ဘက်လွှဲပြောင်း

ဇန်နဝါရီ ၃၀၊ VOR

တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန်အပါအဝင် သူဌေး ၁၀ဦးကို စစ်ကောင်စီက နေပြည်တော်မှတဆင့် တရုတ်နိုင်ငံဘက်သို့ လွှဲလိုက်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ LiaoNingပြည်နယ် DaLianမြို့မှ သက်ဆိုင်ရာတရားစီရင်ရေးရုံးက ကိုးကန့်ရုပ်သေးအဖွဲ့ဖြစ်သော ဦးပယ်ဆောက်ချိန်အပါဝင်(၁၀)ဦးကို ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများကို ကျူးလွန်မှုကြောင့် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။

စစ်ကောင်စီက ကိုးကန့်သူဌေးတချို့အပါအဝင် စုစုပေါင်း ၁၀ ဦး ကို ယနေ့ည ၇ နာရီဝန်းကျင်တွင် တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ရာ နေပြည်တော်သို့လေယာဉ်ဖြင့်လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။

လွှဲပြောင်းသူများတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန် နှင့် သူ၏သား ပယ်ရင်ချန်၊ ဝေမိသားစု နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူဦးလျိုအားပေါက် တို့ပါဝင်သည်ဟု ဆိုသည်။

တရုတ်ကဝရမ်းထုတ်ထားသူ မြီရှောက်ချန်မှာ နိုဝင်ဘာလကတည်းက သေဆုံးခဲ့ပြီးဖြစ်ကာ သူ့ကိုယ်သူအဆုံးစီရင်သွားကြောင်း နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကိုးကန့်ဒေသ အချမ်းသာဆုံးနှင့် သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်သည့် ပယ်အိမ်၊ လျိုအိမ်၊ ဝေအိမ် နဲ့ မြီ အိမ်တို့ရဲ့ ဦးဆောင်သူများအားလုံး တရုတ်လက်ထဲရောက်ရှိသွားခဲ့ပြီဖြစ်သည်။

၂၀၂၀ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေစဉ်အတွင်း ကိုးကန့်ဒေသမှ ထွက်ခွာရန် ကြိုးပမ်းနေစဉ် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တရုတ်နိုင်ငံက အွန်လိုင်းဆိုက်ဘာလိမ်လည်မှုများနှင့်ပတ်သက်၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာဘက်ခြမ်းမှ စစ်ကောင်စီ ကျောထောက် နောက်ခံပေးထားသော အွန်လိုင်းဆိုက်ဘာဂိုဏ်းများမှ ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။

You may have missed