Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
July 19, 2026

လေယာဉ်မှူးကိုထိမှန်ခဲ့ခြင်းကြောင့် ပျက်ကျခဲ့

လေယာဉ်မှူးကိုထိမှန်ခဲ့ခြင်းကြောင့် ပျက်ကျခဲ့၊ မြဝတီမြို့ သင်္ဃန်းညီနောင်သို့ တပ်ချိန်းရန်လာသည့်စစ်ရဟတ်ယာဉ် ၂စီးကိုCobra column က ပစ်ချခဲ့သည့် ရုပ်သံ

ဇန်နဝါရီ ၃၀၊ VOR

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ သို့ လာရောက်သည့် ရဟတ်ယာဉ် ၂စီးအနက် ၁စီးပျက်စီးသွားခဲ့ပြီး တမ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် အခြားအဆင့် ၅ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ခြင်းဖြစ်သည်။

Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူက မီဒီယာကိုပြောသည်။

၎င်းရဟတ်ယာဉ် ၂စီးသည် ယမန်နေ့ ဇန်နဝါရီ ၂၉ရက်နေ့ မွန်လွဲ ၂နာရီခန့်တွင် မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ ၃၅၅ သို့ လာရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရပြီး တပ်မ ၄၄တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးသေဆုံးခဲ့သည်။

https://www.facebook.com/VORLiveNews/videos/1334086404655161

You may have missed