ဇန်နဝါရီ ၃၀၊ VOR
မန္တလေး – ရွာငံ – ပင်းတယ ရှမ်းပြည်တောင်ပိုင်း လမ်းကြောတွင် Joe Phyu(ဂျိုးဖြူ) Revolution PDF, Ywanga People Defese fore( JPRF) မှ ဇန်နဝါရီ ၂၄ရက်နေ့ မှ စ၍ လမ်းပေါ် တက်ကာ နေ့စဉ်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ရွာငံ-မန္တလေး အမြန်လမ်းမကြီး လမ်းပိုင်းတနေရာတွင် လုံခြုံရေးဆောင်ရွက်ရင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှုများကို တားဆီးစစ်ဆေးခဲ့သည်ဟု Ywangan People Defence Force (JPRF)မှ ဇန်နဝါရီ ၂၄ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇန်နဝါရီလ(၁၇)ရက်နေ့ ညပိုင်းတွင် လမ်းပိုင်းစစ်ဆေးရေးဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် သတိပေးပြီးပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။
ပင်းတယ၊ ရွာငံနှစ်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့များက တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ဒေသတွင် မူးယစ်ဆေးသုံးစွဲသူ များပြားလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ဒေသတွင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု များလာသည့်အတွက် လမ်းပိုင်းလုံခြုံရေး ယူရင်း စစ်ဆေးရေးကိုပါလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ထိုသို့ လမ်းမပေါ် တွင် လုံခြုံရေး ၊စစ်ဆေးရေး အစဥ်အမြဲ ယူထားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။
https://www.facebook.com/VORLiveNews/videos/1126832268671932

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ