ဇန်နဝါရီ ၂၅၊ VOR
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီ စကခ (၇) လက်အောက်ခံ ခမရ (၄၂၃) နှင့် ခမရ( ၄၂၄) တပ်ရင်းတို့ကို ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် PNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဌာနဆိုင်ရာ ရုံးများတွင် ပအိုဝ့်အလံတွေ လွှင့်ထူထားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
PNLA ပူးပေါင်းတပ်များက ဆီဆိုင်မြို့မရဲစခန်း၊ အပါအဝင် ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ထားပြီး PNO ပအိုဝ်း ပြည်သူ့စစ်များ ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဆီဆိုင်မြို့ကို ပစ်ခတ် နေသလို မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့သည်ဟု သိရသည်။
ဆီဆိုင်မြို့နယ်မှာစစ်ရှောင်ဦးရေ ၁ သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ပိတ်မိနေသူတွေလည်းရှိကြောင်း ကူညီကယ်ဆယ်ပေးနေသူများထံက သိရသည်။

 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                
 
                                         
                                         
                                         
                                        
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်