Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

အင်ဒိယကပြန်ခဲ့တယ်

အင်ဒိယကပြန်ခဲ့တယ်

ကျိန်စာဆိုတာ မယုံခဲ့ဖူးဘူး။

ခုတော့ ယုံစပြုပြီလေ

မင်းတို့ ဘွတွေက ကွာ

ကံဆိုးလို့ စစ်သားဖြစ်ခဲ့တယ်

ကံကောင်းချင်တော့ အာဏာသိမ်းပြီဆို ပျော်ရပြန်တယ်

(အရိုးတွေ လှိုင်ပြီပေါ့)

ကံဆိုးချင်ပြန်တော့ ရခိုင်ဘက် တာဝန်ကျတယ်

ကံကောင်းလို့ ထွက်ပြေး လွတ်မြောက်တယ်

(အင်ဒိယလည်း ရောက်ဖူးသွား)

ကံဆိုးချင်တော့ မအလက

စစ်တွေ ပြန်ပို့မယ်လို့ကြားပြန်ပြီကွာ

ကံကောင်းပြန်တော့ လိမ်ဗျံကြီးနဲ့ လာခေါ်လို့

(မသေခင်စီးဖူးသွားတော့နည်းလား)

ကံဆိုးပြန်ပြီ ‌

လာကြိုတဲ့ကောင်တွေက လေယာဉ်သိပ်မောင်းမတတ်

ပြေးလမ်းချော်ပြန်ပြီတဲ့ ဘာ‌ဒေလဲကွာ

ဟော ကံကောင်းပါသေးတယ်

အင်ဒိယက သိတတ်လို့ အန်းဗြူးလန်းကြီးနဲ့ ဆေးရုံပို့ပါရဲ့

ကံဆိုးနေပြန်ပြီ

အန်းဗြူးလန်းက

လေဆိပ်အထွက် ခုံးကျော်တံတားနဲ့ငြိနေပါရောဆိုလား

ကံကောင်းလို့ နောက်ပြန်ဆုတ်နိုင်သွားသေးတယ်

ဒီလိုနဲ့ဆေးရုံရောက်

မပူပါနဲ့ မပူပါနဲ့ မပူပါနဲ့

ပြည်သူ့ကျိန်စာက မင်းတို့အရိပ်နောက် ထပ်ကြပ်မခွါတော့ဘူး

စခအပေါင်း လူယုတ်မာအပေါင်းတို့ –

You may have missed