ဇန်နဝါရီ ၂၂၊ VOR
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြိုနယ် ၊မဲအိုးရွာ ၏ အရပ်သားပြည်သူ(၅)ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့်မီးရှိသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သတ်၍ အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု NUG က သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အမှတ် (၄) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊ အမှတ် (၇၀၈) ခြေလျင်တပ်ရင်း ၏ အင်အား(၁၀၀)ခန့်ရှိပူးပေါင်းတပ်ဖွဲသည် ဒီပဲယင်းမြိုနယ်၊ မဲအိုးရွာ၏ အမျိုးသမီး၊ ကလေးအပါအဝင် ဒေသခံ (၁၄)ဦးအား လက်ယက်ကုန်းရွာဆီသို လူသားဒိုင်း အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အရပ်သားပြည်သူ (၅)ဦးအား နှိပ်စက် သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့် မီးရှိသတ်ဖြတ်ခြင်းများအားပြုလုပ်ခဲ့ပြီး လက်ယက်ကုန်းရွာမှ (၁၉) ရက်နေ့တွင် စစ်ကြောင်းထွက်ခွါသွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။


 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                 
                                         
                                         
                                         
                                        
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်