ဇန်နဝါရီ ၂၂၊ VOR
တန့်ဆည်မြို့တွင် တော်လှန်ရေးကင်းထောက်တပ်ရင်းများနှင့် စစ်ကောင်စီစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၃၀ထက်မနည်းသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ၂၁ရက်နေ့ မနက်၉နာရီခန့်တွင် ကန့်ဘလူအခြေစိုက် ၆၀၀၆ တပ်ရင်းမှထွက်လာသော အင်အား ၁၈၀ခန့် ပါရှိသည့် စစ်ကား ၆စီးသည် ရေဦးမြို့နယ်မြောက်ဘက်သို့ စစ်ကြောင်းစထွက်လာခဲ့ရာ တန့်ဆည်မှထွက်လာသော အင်အား ၅၀ခန့် နှင့် တန့်ဆည်မြို့နယ်အရှေ့ဘက်ခြမ်းတွင် လူချိန်းပြီး ညနေ(၂:၄၀)ခန့် တွင် လာရာလမ်းကြောင်းအတိုင်းပြန်ထွက်လာခဲ့သည်။
တန့်ဆည်မြို့နယ်အရှေ့ဘက်ခြမ်းမှ ကင်းထောက်နေရာယူထားသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပ.က.ဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့နှင့် ညနေ (၃)နာရီခန့်တွင် ထိတွေ့ ပစ်ခတ်မှု အပြန်အလှန်ဖြစ်ခဲ့သည်ဟု သိရသည်။
ထိုထိတွေ့မှုတွင် စစ်ကောင်စီတပ်သား ၃၀ထက်မနည်း သေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁)နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံပစ်ခတ်ကာ အက်တောရွာအရှေ့အရပ်နှင့်အနောက်အရပ်မှ တန့်ဆည်မြို့ဘက်သို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကြောင်း တန့်ဆည်ဘက်သို့အလာတွင် နွားဆွဲ၍ပြန်လာသော အသက်(၅၀)ခန့် အရပ်သားအမျိုးသားတစ်ယောက်၏နဖူးကို သေနတ်ဖြင့် ပစ်သတ်သဖြင့် သေဆုံးခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၂)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ညဦးပိုင်းတွင် ထိခိုက်ဒဏ်ရာရသော စစ်သားများကို မူးမြို့အရှေ့ဘက်သို့ ပြန်ပို့ခဲ့ပြီး လူနာတင်ကား၂စီးဖြင့်ထွက်ခွာသွားသည်ဟုသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ယခုအခါ အက်တောရွာတွင် စခန်းချထားပြီး လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                                         
                                         
                                         
                                        
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်