ဇန်နဝါရီ ၂၁၊ VOR
မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့ ၄မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင် အာရက္ခစစ်သည်များနှင့် အတူ အောင်ပွဲခံနေပုံကို ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ရက္ခိုင်ဒေသတွင်း စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် “(၃၇၇)၊ (၃၇၈) နှင့် (၅၄၀)”၊ မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁)”၊ ကျောက်တော်အခြေစိုက်တပ်ရင်း “(၃၇၄)၊ (၃၇၅) နှင့် (၃၇၆)” တို့အပါအဝင် ရသေ့တောင်အခြေစိုက် “(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)” တပ်ရင်းအခြေစိုက်နေရာများ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အချို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီဘက်မှ အပြင်းအထန်ခုခံကာကွယ်သည့်ကြားမှ သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး လက်နက်ချအညံ့မခံသေးဘဲ အရပ်သားပြည်သူများအား ဆက်လက်တိုက်ခိုက်နေသေးသော တပ်ရင်းများကိုလည်း ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ ရန်သူ့အခြေစိုက်တပ်စခန်းနှစ်ခုတို့အား ရက္ခိုင့်တပ်တော် (AA) မှ လွန်ခဲ့သောရက်များအတွင်း အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု သိရသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ