ဇန်နဝါရီ ၁၇ ၊ VOR
ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် ပျူစောထီးများ လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ (၁) ဦး သေဆုံး၍ (၃)ဦး အရှင်ဖမ်းမိပြီး သေနတ် ၂လက် သိမ်းဆည်းရမိကြောင်း Bago Region PDF က သတင်းထုတ်ပြန်သည်။
အုတ်ဖို(၃)ကျေးရွာအထွက်ရှိ စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီး (၇)ဦးကျော် လုံခြုံရေးယူထားသော စစ်ဆေးရေးဂိတ်စခန်းကို ပဲခူးခရိုင်ပကဖ (၅)မြို့နယ် (ဝေါ၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ အင်းတကော်) ပူးပေါင်းတော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၁၅)ရက်နေ့ ည (၉:၃၀) နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေသော စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီးခေါင်းဆောင်(၁)ဦး သေဆုံးခဲ့ပြီး ပျူသင်တန်းဆင်း ပျူစောထီး (၃)ဦးကို အရှင်ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ကိုးလုံးလက်လုပ်သေနတ် (၂) လက်ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး ပဲခူးခရိုင်ပကဖ (၅)မြို့နယ်မှ ပူးပေါင်းရဲဘော်များ အန္တရာယ် မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးများမှာ ပြန်လည်ပစ်ခတ်နိုင်ခြင်း မရှိဘဲ သေဆုံးဖမ်းဆီးခံရပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖမ်းဆီးရမိသော ပျူစောထီး (၃)ဦးကို စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်