Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မင်္ဂလာနှစ်သစ်ဖြစ်ပါကြောင်း NUG အစိုးရက ကရင်နှစ်သစ်ကူးသဝဏ်လွှာပေးပို့

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို အစပြုထူထောင်နိုင်သည့် မင်္ဂလာနှစ်သစ်ဖြစ်ပါကြောင်း NUG အစိုးရက ကရင်နှစ်သစ်ကူးသဝဏ်လွှာပေးပို့

ဇန်နဝါရီ ၁၁၊ VOR

ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ NUG အစိုးရက သဝဏ်လွှာပေးပို့ဆုတောင်းခဲ့သည်။

ယနေ့ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယတွင် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသား လူမျိုးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြလျက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို အစပြုထူထောင်နိုင်သည့် မင်္ဂလာနှစ်သစ်ဖြစ်ပါကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ရိုးသားပွင့်လင်းသည့် ကရင်တိုင်းရင်းသားတို့သည် နှစ်သစ်ကူးအခါသမယတွင် ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသည့် ပွဲလမ်းသဘင်များကို ပြည်တွင်းနှင့် ကရင်တိုင်း ရင်းသားများ စုပေါင်းရောက်ရှိနေထိုင်ရာ ပြည်ပနိုင်ငံအသီးသီးတွင် နှစ်စဉ် ဂုဏ်ယူစွာ ကျင်းပပြုလုပ်လျက်ရှိပါကြောင်း NUG က သဝဏ်လွှာတွင် ဆုတောင်းစကားဆိုသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရား အာဏာသိမ်းယူ ရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ မူလဘူတ အခြေခံအခွင့် အရေးများ ပျက်သုန်းကာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်သည့် အခွင့်အလမ်းများကိုလည်း အကြမ်းဖက် စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြကာ တားဆီးပိတ်ပင်ခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရကြောင်း၂၀၂၃ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့အပြားမှ တိုင်းရင်းသား မဟာမိတ်တော်လှန် ရေးအင်အားစုများက အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်နှင့် အင်အားယိုစီးမှုများဖြစ်ပေါ်လာပြီး တော်လှန်ရေးအင်အားစု များဘက်မှ အောင်ပွဲအလီလီ ရယူသိမ်းပိုက်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြပြီဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစ၍ တစ်နိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု များနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း NUG ကဆန္ဒပြုသဝဏ်လွှာပေးပို့ခဲ့သည်။

You may have missed