ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့က အာရက္ခဒေသအတွင်း စစ်ကောင်စီထုတ်နဲ့ ပြည်ပကထုတ်လုပ်တဲ့ အရက်ဘီယာတွေကို ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေဖော်ပြပါတယ်။အခုရက်ပိုင်းအတွင်း ဒေသထွကုန်ကလွဲလို့ ပြည်ပနဲ့ စစ်တပ်ထုတ်အရက်ဘီယာမှန်သမျှကို AA ထိန်းချုပ်ရာမြို့နယ်တွေမှာ အာရက္ခပြည်သူ့လုံခြုံရေး, တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး...
News
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၄က စခန်းစွန့်ပြေးတဲ့ တပ်နဲ့မိသားစုဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာ (၈၁) ယောဗျူဟာက ဒီနေ့ ဒီဇင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။မင်းတပ်မြို့ ခလရ (၂၇၄) ကနေ စစ်ရှုံးပြီး...
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ရဲဘော် ၇ဦးအသက်ပေးလှူခဲ့ရတယ်လို့သိရပါတယ်။ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတေရရှိနိုင်ရေး ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကို ဦးညွှတ်ဂုဏ်ပြုအလေးနီပြုကြောင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိ လိုချင်သောပန်းတိုင်မရောက်မချင်းဆက်လက်ပြီး ကြိုးစားနေမယ်လို့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ရဲဘော်အားလုံးက ကတိပြုပြောပါတယ်။ချင်းပြည်နယ် မင်းတပ်မြို့နဲ့...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ လူသတ်ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် တရားခံတွေကို ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က အသိပေးပါတယ်။မနေ့က ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ ပစ္စည်းဟောင်းရောင်းဝယ်ရေးဆိုင်တဆိုင်မှာ လူသတ်ပြီး ကားလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပလဖအဖွဲ့တွေက...
ရခိုင်ပြည်နယ်။ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ခဲ့တဲ့စစ်ဆင်ရေးမှတ်တမ်းတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းတွေရဲ့ အခြေအနေကိုရုပ်သံမှတ်တမ်းတွေနဲ့အတူ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြလာပါတယ်။အဆိုပါရုပ်သံဖိုင်အတွင်း နပခ တ်ိုင်းဦးစီးချုပ်...
မောင်တောမြို့ ကြိမ်ချောင်းရွာနဲ့ တောင်ပြိုကြားမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ဈေးကားကို ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါအမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း အရက္ခတပ်တော် AA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ဒီဇင်ဘာ ၂၄ရက်နေ့ ညနေ...
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းတောကုန်းရွာမှာ စစ်ကောင်စီတပ်က ပစ်လွှတ်လိုက်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးသေဆုံးပြီး ပြည်သူ ၃ဦးဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။ဒီနေ့ ဒီဇင်ဘာလ (၂၆) ရက် ညနေ ၃နာရီ မိနစ် ၂၀ခန့်မှာ စစ်ကောင်စီတပ်က...
ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုးကောင်းလမ်းပေါ်ရှိပစ္စည်းဟောင်းရောင်းဝယ်ရေးဆိုင်တဆိုင်မှာ လူသတ်ပြီး ကားလုယူမှုဖြစ်ခဲ့ပါတယ်။ အမျိုးသားနှစ်ဦးနင့် အမျိုးသမီးတဦးတို့ဟာ လက်နက်ကိုင်ဆောင်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ဆိုင်ပိုင်ရှင်အမျိုးသမီးက ရုန်းကန်ရာမှာတော့ သေနတ်နဲ့ပစ်သတ်ပြီး ကားကိုယူဆောင်မောင်းနှင်သွားတာ ဖြစ်တယ်လို့ ဒေသခံများက ပြောကြပါတယ်။ သေဆုံးသွားသူဟာ...
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်းကို အောင်မြင်စွာပြီးဆုံးကြောင်း အခမ်းအနားတခု ထွက်ရှိလာခဲ့ကြပါတယ်။ KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းဆင်းပွဲမှာ TNLA...
မံစီမြို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတော်လှန်ရေးတပ်တွေ ကြိုးစားတိုက်ပွဲဝင်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာရရှိတဲ့သတင်းတွေအရ မံစီကိုမသိမ်းနိုင်သေးပေမယ့် အရေးကြီးတဲ့ ဘန်ကာစခန်းတွေကို သိမ်းယူထားပြီးပြီလို့ သိရပါတယ်။တိုက်ပွဲတွေလည်း ပြင်းထန်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခမရ-၃၁၉၊ ၆၀၁၊ ၃၅၂ အမတ...
