တောင်ပိုင်းတိုင်းစစ်ဒေသမှာ ပါဝင်တိုက်ခိုက်နေတဲ့ 96 Soldiers PDF ရဲဘော်တွေရဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က နိုဝင်ဘာ ၁၈ရက်မှာ ထုတ်ပြန်လာပါတယ်။တောင်ပိုင်းတိုင်းစစ်ဒေမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သား (၉၄) ဦး သေဆုံးကာ စခန်းသိမ်းတိုက်ပွဲတခုအတွင်း အလံဖြူပြအလင်းဝင်လာသူ (၁၇) ဦးကိုလည်း...
News
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း...
ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။အလင်းဝင်တပ်သား(၆)ဦးထဲက (၁)ဦးဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်လူများမှာ...
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဟာ စစ်ကောင်စီကိုတော်လှန်ရေးမှာ လားရှိုးကိုသိမ်းပိုက်ထားနိုင်သည်ထိ အောင်မြင်မှုရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်ကိုရောက်ရှိနေတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်ကပြန်မလွှတ်ဘဲ အကျယ်ချုပ်သဘော ထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ခေါင်းဆောင်ဖုန်တာရွှင်ဟာ တရုတ်အစိုးရ အထူးကိုယ်စားလှယ်...
မကွေးတိုင်း၊ ရေစကြိုမြို့နယ် မှာ သန်းခေါင်စာရင်းကောက်အဖွဲ့က လုံခြုံရေးတပ်သား ၂ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာလို့ တစ်ဦးလျှင် ၁၅သိန်းစီချီးမြှင့်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ရေစကြိုမြို့နယ်အခြေစိုက် ခလရ၂၅၇ လက်အောက်ခံ တပ်သားကိုဦးနဲ့ ခလရ၂၅၈လက်အောက်ခံ တပ်သားစိုးလင်းအောင် တို့ဟာ...
ပုလဲမြို့သိမ်းတိုက်ပွဲအကြောင်းအသေးစိတ်ကို ဒေသကာကွယ်ရေးတပ်မတော်တခုဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ - နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲမှစပြီး ပုလဲမြို့သိမ်းစစ်ဆင်ရေးကို...
အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနဲ့ မြန်မာ မိသားစုများတွေ့ဆုံပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၆ရက် ညနေ ၂နာရီမှာ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာ ကျင်းပခဲ့တာပါ။ တွေ့ဆုံပွဲမှာ...
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို အဆောင်မှူးသီဟအောင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ထံက သိရသည်။နိုဝင်ဘာ(၁၀)ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်ခန့် တွင် ဒိုက်ဦးအကျဉ်းထောင်၊အဆောင်(၃)၊ အခန်း (၁)မှ နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦး(ခ) အိုဝမ်းအား အဆောင်(၁)မှ...
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD အနေဖြင့် အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခဲ့ကြောင်း MOD က ထုတ်ပြန်သည်။ပြီးခဲ့သည့် အောက်တိုဘာလအတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆)...
နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်...
