ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုချက်ကို တရားသူကြီးတွေက ဆုံးဖြတ်ရတော့မှာပါ။ ရုံးတော်ကိုလျှောက်ထားချက်တွေဟာ ပိုင်နိုင်ခိုင်လုံတဲ့စွဲချက်တွေဖြစ်ကြောင်းသိရပြီး နောက်ထပ် စွဲချက်တွေလည်း ထပ်လာဦးမယ်လို့ ရှေ့နေချုပ်ကဆိုထားပါတယ်။ စနစ်တကျအချိန်ယူပြင်ဆင်ထားတဲ့ စွဲချက်တွေဖြစ်လို့ တရားသူကြီးတွေဘက်က ဒီဖမ်းဝရမ်းလျှောက်ထားချက်ကို ပယ်ချမှာမဟုတ်ဘူးလို့လည်း သတင်းများက ဆိုပါတယ်။ ဒီသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာလည်းလူပြောသူပြောလည်း...
News
အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးသွားပြီး ၂ဦးသေဆုံးကာ သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့မှာ...
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးသိမ်းပိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်ကာ မြို့တွင်းစစ်သားလုံးဝမရှိတော့ဘဲ AA က လုံခြုံရေးဆောင်ရွက်နေတာကြောင့် ပြည်သူပိုင်ပစ္စည်းခိုးယူသူတွေကို ဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီနေ့ထုတ်ပြန်ပါတယ်။တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးအပြင် မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှ ၂၀ရက်အတွင်း (၁၇)...
ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ထိုင်းဘက်ကတော့ Call center အမှုလို့ လူပြောများပြီး ဒီလိမ်လည်မှုကိုဖြိုခွင်းဖို့ “ခရင်မန်ကုန်ထောင်” ဆိုတဲ့ အမည်နဲ့ စစ်ဆင်ရေးကို ထိုင်းနိုင်ငံ CIB ဌာနကပြုလုပ်ခဲ့ပါတယ်။ ထိုင်း ၁ ဦး၊ တရုတ်...
အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရင်း တော်လှန်ရေးလမ်းခုလတ်မှာပဲ ရဝမ်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချန်းဆင်ဇီဟာ (နိုဝင်ဘာ ၂၇ ရက်) ည ၁၀နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဆော့လော့မြို့နယ် လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန်ပြင်ဆင်နေချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ KPF...
ကရင်နီပြည်နယ် ဖယ်ခုံမြို့မှာ ခမရ ၃၃၆က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် ၂ဦးအပါအဝင် ၇ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂၊ တပ်ရင်းအမှတ် (၁၀၀၆)က ဒီကနေ့ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်ကနေ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ...
တအာင်းပြည်တစ်နေရာမှာ PSLF/TNLAရဲ့ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲကို ၂ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။နှီးနှောဖလှယ်ပွဲကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့...
"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA၊ တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ ပထမသုတ် စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ မနေ့နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။"ဝ" ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကြေးနီကားတွေနဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း BRAVE HEART ARMY -BHA အဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကထွက်လာတဲ့ ကြေးနီ...
မန္တလေးတိုင်း မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါမြို့တွေက သိမ်းပိုက်ထားတဲ့နေရာတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းများနဲ့ နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်...
