ဇန်နဝါရီ ၁၃၊ VOR
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြိုနယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို ယနေ့ နံနက် (၉း၁၈)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောက်မဲ့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်း့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု TNLA က ယနေ့ နေ့လည် ၁နာရီအချိန်တွင် သတင်းထုတ်ပြန်လိုက်သည်။
၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည် စိုးရိမ်းသောကြောင့်နှင့် ဆုံးရှုးမှုများမည်စိုးသောကြောင့် ယာယီ နောက်ဆုတ်ပေးလိုက်ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်း တအောင်းတပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။
ယမန်နေ့ကဆိုလျင်လည်း စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို လက်နက်ကြီးဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိးမြိုနယ် ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ