Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 30, 2026

UN Plaza တွင်ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ Mr. Tom Andrews ၊NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတက်ရောက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် “United Nations Day of Action for Myanmar/Burma” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၃၁ ရက်နေ့တွင် Burma Advocacy Groupက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပိတ်စကားပြောကြားခဲ့သည်ဟု သိရသည်။အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က လူ့အခွင့်အရေးကောင်စီထံတင်ပြခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ Executive Director of the women’s Peace Network ဖြစ်သူ ဒေါ်ဝေဝေနု၊ Former President of the Kachin Alliance Moderatorဖြစ်သူ Gum San Nsang တို့က မြန်မာနိုင်ငံ၏ လက်ရှိလူအခွင့်အရေးအခြေအနေ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် လုပ်ဆောင်နေမှုများကို တင်ပြပြောဆိုခဲ့သည်ဟု သိရသည်။ထို့နောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြည့်စုံစွာ ပြန်လည်ဖြေကြားပေးခဲ့သည်ဟု သိရသည်။

You may have missed