Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 30, 2026

ပလက်ဝအ​ခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦး NUG ထံ အလင်းဝင်

ချင်းပြည်နယ်၊ ပလက်ဝအ​ခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ထံ အလင်းဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်တဲ့ အရာရှိနဲ့စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ ၂၆ ဦးပါ တပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက NUG ကာကွယ်ရေးဝန်ကြီးဌာနထံအလင်းဝင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်တာ ပြည်သူကို မတရားသတ်ဖြတ်တာတွေကို မြင်တွေ့ ကြားသိနေရတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေမှုတွေကို လက်မခံနိုင်တော့ဘဲ ပြည်သူ့ရင်ခွင် CDM ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနဲ့ စစ်သည် စုစုပေါင်း ၆၁ ဦးမှာ ခေါင်းဆောင် ၂ဦးဖြစ်တဲ့ ဗိုလ်မှူးအောင်မျိုးသွင်၊ ဗိုလ်မှူးအောင်ကိုထွေး၊ ဗိုလ်ကြီး ၄ ဦးဖြစ်တဲ့ ဗိုလ်ကြီး ဇော်မင်းသူ၊ ဗိုလ်ကြီးထွန်းထွန်း၊ ဗိုလ်ကြီးဟိန်းလတ်၊ ဗိုလ်ကြီးကျော်မွှေးတို့ပါဝင်တယ်လို့ သိရပါတယ်။CDM ဝင်ရောက်ရာမှာ ပလက်၀ CDF ၊ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေးတပ်များကို ချိတ်ဆက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ CDM ဝင်ရောက်ကာ ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed