Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 24, 2026

KIO/KIA ဥက္ကဌ

လေကြောင်းရန်နှင့်တရုတ်ရန် နှစ်ဖက်ညှပ်နေတဲ့ကြားမှာပဲ စစ်ကောင်စီကို အမြစ်ဖြတ်မယ်လို့ KIOဥက္ကဋ္ဌ က ထုတ်ပြောလိုက်ပြီး အန်ယူဂျီအစိုးရကလည်း တန်ဖိုးထား ကမ္ဗည်းတင်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ်

ဒီနေ့အောက်တိုဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ KIO တည်ထောင်ခြင်း(၆၄)နှစ်မြောက် မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်ကောင်စီကိုအမြစ်ဖြတ်မယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းနေခြင်းကို ရည်ညွှန်းတဲ့ ’အမြစ်ဖြတ်ဖျက်သိမ်းရေး’ စစ်ဆင်ရေးဆောင်ရွက်နေကြောင်း ပြောဆိုသွားပါတယ်။

ဒီ့အတွက် ‘Ru Nu Dan Majan Masing’ လို့ အမည်ပေးထားတဲ့ ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ဖော်ဆောင်နေကြောင်းလည်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။ ကချင်ဗိုလ်ချုပ်ကြီးက မိန့်ခွန်းပြောဆိုရာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲမယ်လို့လည်း ပါဝင်ပါတယ်။ ဒီအချက်က လားရှိုးကို သိမ်းပိုက်နိုင်ခြင်းအပြီးမှာ NUG/PDF နဲ့ ပူးပေါင်းလက်တွဲမှုမရှိကြောင်း ထုတ်ပြန်ထားတဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ဒီအချက်အပေါ် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါတယ်။

KIO ပြန်ကြားရေး The Kachin Net တွင် တရားဝင် ထုတ် ပြန်ထားတဲ့မိန့်ခွန်းမှာ ကချင်ဘာသာနဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ပြောဆိုချက်ထဲမှာတော့ “လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံးပါဝင်ထောက် ခံသော တော်လှန်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင် စနစ် ဧကန်မုချကျဆုံးမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ လက်တွဲ၍ စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်နိုင်သည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ KIO အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့်အတူ ဆက်လက်လက်တွဲသွားမည်ဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

ဆက်လက်၍လည်း “ ပြည်သူ့စစ်အဖွဲ့များအနေဖြင့် စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ် သိမ်း ပြီး KIO နှင့်အတူ ပူးပေါင်းကြရန်လည်း သတိပေးထားပါတယ်။ KIO သည် အမြစ်ဖြတ် စစ်ဆင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး သိမ်း ပိုက်ရရှိထားသော နေရာများကို ပြန်လည် ထူထောင်ရေး၊ တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးပြောဆိုပါတယ်။ KIO က တာဝန်ပေးထားသည့် ရှေ့တန်းရောက်တပ်မှူးများ၊ အဖွဲ့ဝင်များအနေဖြင့် KIO ကို သိက္ခာကျစေမည့် လုပ်ရပ်များ မလုပ်ကြရန်လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသွားတာ တွေ့ရပါတယ်။

ကေအိုင်အေဟာ ခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ(၁)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၄င်းတို့ ထိန်းချုပ်နယ်မြေအသစ်တွေ အများအပြားထပ်တိုးလာနေပါတယ်။

KIO (Kachin Independence Organization) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်နက်ကိုင်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA – Kachin Independence Army) ဖြစ်ကာ ခုဆိုရင် တည်ထောင်ခြင်း ၆၄ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

သမိုင်းတွင်ရစ်တော့မယ့် KIA ဟာဆိုရင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ကြီးငယ် ၂၅၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မြန်မာ-တရုတ် နယ်စပ်မြို့ ၂မြို့ အပါအဝင် မြို့ပေါင်း ၁၃မြို့ထက်မနည်းကို KIAက စိုးမိုးထိန်းချုပ်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာထဲမှာတော့

“ကချင်တော်လှန်ရေးခရီးကြမ်းမှာ ခေါင်းဆောင်များရဲ့ အမျှော်အမြင်ကြီးမှု၊ ကချင်ပြည်သူလူထုရဲ့ ပေးဆပ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ကြံကြံခိုင်နိုင်မှုတို့ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) က (၆၄) နှစ်ပြည့်မြောက် တဲ့အထိ အခက်အခဲပေါင်းများစွာကျော်ဖြတ်ပြီး ကချင်လူထုရှေ့မှာ ရပ်တည်နိုင်ခဲ့ ရုံသာမက ယခုနွေဦးတော်လှန်ရေးမှာလည်း မဟာမိတ်တိုင်းရင်းသား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနဲ့ လက်တွဲကာ ရှေ့မှ မားမားမတ်မတ် ရပ်တည်ရင်ဆိုင် တိုက်ပွဲဝင်နေတာကိုလည်း လေးစားတန်ဖိုးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်” ဒါအပြင် အသက်သွေးချွေး‌ပေးဆပ်သွားတဲ့ ကချင်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနဲ့ ကချင်ပြည်သူလူထုရဲ့ ကျေးဇူးများကို အမြဲတမ်း အမှတ်ရ ကမ္မည်း တင်ထားမှာဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြခဲ့တာ တွေ့ရပါသည်။

You may have missed