မေ ၁၀၊ VOR
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားက စစ်ကောင်စီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေက မနေ့က မေလ ၉ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတင်တင်ကို အပါအဝင် ၆ဦးသေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းအရင်းမြစ်ထံက သိရပါတယ်။
ဗလမင်းထင်တံတား ဝိုင်းမော်မြို့ ဘက်အခြမ်း မိုင်းနားကျေးရွာက စစ်ကောင်စီ စုပေါင်းဂိတ်ကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
မနေ့က မွန်းလွဲ ၂နာရီလောက်ကနေ ညနေပိုင်းအထိ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရပြီး တိုက်ပွဲအတွင်း ရဲမှူးတင်တင်ကို အပါအဝင် ၆ဦးသေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းအရင်းမြစ်က VOR ကိုပြောပါတယ်။
“မနေ့က ဗလမင်းထင်တံတားမှာ ယခင်ဝိုင်းမော်စခန်းမှုးယခုရဲအရံမှ ရဲမှူးတင်ကိုကို ကျဆုံးသွားတယ် ယာဥ်ထိန်းတယောက်လဲ ခြေထောက် ဒဏ်ရာရသွားတယ် အခြားအဆင့်တဦး ဒဏ်ရာရသွားတယ်”လို့ ကချင်စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ကူကား ၅စီး ရောက်ရှိလာပြီး တံတားထိပ်နှစ်ဖက်လုံးကို ပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်