Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
April 24, 2026

Elon Musk ရဲ့ Starlink ဂြိုလ်တုအင်တာနက်စက်တွေ ၎င်းတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ တချို့နေရာတွေမှာတပ်ဆင်အသုံးပြုနေ

Elon Musk ရဲ့ Starlink ဂြိုလ်တုအင်တာနက်စက်တွေ ၎င်းတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ တချို့နေရာတွေမှာတပ်ဆင်အသုံးပြုနေ

မေ ၈၊ VOR

Starlink က ၎င်းတို့ဝန်ဆောင်မှုပေးတဲ့ ဧရိယာမဟုတ်တဲ့ နေရာတွေမှာ လည်ပတ်နေတဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေကို မေလ ၁ ရက်နေ့က ပိတ်ပစ်မယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့လက သတိပေးခဲ့ပေမယ့်လည်း အခုထိ လည်ပတ်နေသေးတယ်လို့ သိရပါတယ်။

မြောက်ဒါဖာရှိ Al-Fashir မှာ နေထိုင်သူ ဆူဒန်ဟာ ဗုဒ္ဓဟူးနေ့မှာ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော် အခု ခင်ဗျားကို Starlink ချိတ်ဆက်မှုကနေတဆင့် ပြောနေတာပါ၊ အထူးသဖြင့် စစ်ပွဲကနေ ထွက်ပြေးလာတဲ့ လူတွေကြား ချိတ်ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ” လို့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အရံတပ် Rapid Support Forces (RSF)

တွေကြား ပြည်တွင်းစစ်ကို ရည်ညွှန်းပြီး Bloomberg သို့ ပြောကြားခဲ့ပါတယ်။

ရုရှား၊ ယီမင် နှင့် ဗင်နီဇွဲလား အပါအဝင် နိုင်ငံများတွင် ၎င်း၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုနဲ့ ပတ်သက်ပြီး Bloomberg နဲ့ Wall Street Journal တို့ရဲ့ တင်ပြချက်တွေအပြီး Starlink ကို ပိတ်ပစ်ဖို့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Starlink အကောင့်ကိုင်ဆောင်သူတွေဟာ အဲ့ဒီ လိုင်စင်မဲ့ဧရိယာတွေမှာ ပိတ်သိမ်းတော့မယ့်အကြောင်းကို Starlink ထံမှ အီးမေးလ်များ လက်ခံရရှိခဲ့ကြောင်း Bloomberg နဲ့ The Journal တို့က ဖော်ပြခဲ့ကြပါတယ်။

” အကယ်၍ သင်ဟာ Starlink Availability Map တွင်ရနိုင်တဲ့နေရာများမဟုတ်ဘဲ အခြားဧရိယာမှာ Starlink Kit ကိုလည်ပတ်နေပါက၊ ဒါဟာ Starlink စည်းမျဉ်းတွေကိုချိုးဖောက်နေတယ်ဆိုတာကို သတိပေးချင်ပါတယ်” လို့ အီးမေးလ်မှာ ရေးထားပါတယ်။

Starlinkက အဲ့ဒီ အီးမေးလ်တွေကို ၎င်းတို့ပိတ်မယ့် ဧရိယာမှာ အသုံးပြုနေတဲ့သူတွေဆီကို ဧပရယ်လ ၃၀ရက်နေ့မှာပေးပို့ပြီး အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

You may have missed