Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
September 11, 2025

ထားဝယ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ အသွားအလာမပြုရန် သတိပေးထုတ်ပြန် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်တပ်နဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ဘက်က အကျအဆုံးများပြား

ထားဝယ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ အသွားအလာမပြုရန် သတိပေးထုတ်ပြန်

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်တပ်နဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ဘက်က အကျအဆုံးများပြား

မေ ၆၊ VOR

မေလ ၂ရက်နေ့မနက် (၆)နာရီ(၄၉)မိနစ်အချိန်မှာ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအား PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်က အကျအဆုံးများနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တော်(ပုလော)က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်လိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်တော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ နဂါးမဲမဟာမိတ်ပူးပေါင်း စစ်ကြောင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)တပ်ခွဲ(၅)၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယင်းနေ့ညပိုင်းအထိ တိုက်ပွဲမှာ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်စုမှူး(၁)ဦးနှင့် ရဲဘော်(၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ် မှ ရဲဘော်(၈)ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ထမင်းမစားကျေးရွာအနီးမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ရေးတင်းမာဆဲ အနေအထားတွင် ရှိနေပြီး ပြည်သူများအနေဖြင့် ထားဝယ်-ပုလော ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွား လာခြင်း (လုံးဝ)မပြုလုပ်ရန် မေတ္တာရပ်ခံထားပါတယ်။

You may have missed