မေ ၆၊ VOR
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ပျူစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၇ ဦးသေဆုံးပြီး လက်နက် ၅ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်ပါတယ်။
မေလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ ခမရ-၃၆၈ မှ စစ်သားများနဲ့ ပျူစောထီး အင်အား ၈၀ ခန့်ပါ ပူးပေါင်း စစ်ကြောင်းကို မော်လိုက်ခရိုင် တပ်ရင်း ၁ ၊ ၂ အဖွဲ့တို့က နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းထံမှ ၆၀ မမ ပြောင်းတို ၁ လက်၊ MA-1 ၄ လက်၊ MA ကျည် ၁၅၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ RPG-7 ဒုံးသီး ၅ လုံး၊ MA ကျည်အိမ် ၂၆ ခု၊ စကားပြောစက် ၁ ခု၊ ကျည်ကာဦးထုပ် ၁ ခု၊ ဖုန်း ၃ လုံး၊ ဆေးပစ္စည်းအစုံနှင့် စကားပြောစက်ဓာတ်ခဲအပို ၂ ခု တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်