ဧပြီ ၂၃ ၊ VOR
ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရဟုဆိုကာ ဒုတိယသမ္မတနေရာမှ အနားပေးလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ ဧပြီ ၂၂ရက်တွင် ထုတ်ပြန်လိုက်သည်။
ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။
စစ်ခေါင်းဆောင်သည် စစ်ရှုံးလာသည်နှင့်အမျှ အကြီးပိုင်းအရာရှိကြီးများအပါအဝင် စစ်ဘက်အရက်ဘက်အရာရှိကြီးများကို နှစ်ရှည်ထောင်ချခြင်း ရာထူးမှအနားပေး ထုတ်ပယ်ခြင်းများကို အာဏာသိမ်းပြီးနောက်ပိုင်း စံချိန်တင်လုပ်ဆောင်ခဲ့သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်