Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 21, 2026

အင်အား ၁၀၀ပါ စစ်ကူစစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ

အင်အား ၁၀၀ပါ စစ်ကူစစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ

ဧပြီ ၁၃၊ VOR

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတ ၊ ကရင် နီတပ်မ တော် – KA ၊ ကြယ်ဖြူတပ်ဖွဲ့ – KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

You may have missed