ဧပြီ ၅၊ VOR
နမ့်ခမ်းမြို့နယ်အတွင်း လာမည့် ၆ လပိုင်းတွင် စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ပြည်သူလူထုများ ဧပြီလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
နမ့်ခမ်းမြို့ ခန်းမတစ်ခုတွင် နံနက် (၉း၃၀)ခွဲမှ (၁၁း၃၀)ခွဲအထိ ပြုလုပ်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီး တောင်တန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုနောက် နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ် နော;ရိူန်းက တက်ရောက်ကြသည့် ပြည်သူလူထုများ အားပေးစကားပြောခြင်း၊ TLEC မန်အောင်ခရိုင်မှူး ဆရာသန်ညွန့်လည်း တွေ့ဆုံရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းတွေ့ဆုံပွဲတွင် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့(၇)မြို့ကို တအာင်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုတက်ရေးကို အကျိုးပြုသည့် ပညာရေး၊ ကလေးဗဟိုပြု ပညာရေးစနစ်ဖြင့် ဖက်ဒရယ်ပညာရေးစနစ်တိုးတက်မြင့်မာလာရေးလုပ်ဆောင်သွားရန်၊ စဉ်စားတွေ့ခေါ်တီထွင်ဖန်တီးသည့် ပညာရေးစနစ်ဖော်ဆောင်နိုင်ရန်၊ ပညာရေးနှင့်ပတ်သက်သည့် တက်သိကျွမ်းကျင်ပညာရှင်များ မွေးထုတ်သွားနိုင်ရန်၊
တအာင်းဒေသအတွင်းရှိ ပညာသင်ကြားရမည့်လူငယ်အရွယ်အားလုံး ပညာသင်ကြားခွင့်ရှိစေနိုင်ရန်၊ ထိန်းချုပ်ထားသည့်မြို့တွင်း ကျောင်းတက်ရမည့် ကလေးများအား နိုင်ငံတကာ အဆင့်မီကျောင်းများသို့ တက်ရောက်သင်ကြားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းနောက် TLEC သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ အခြေခံမူပေါ်လစီ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ နှင့် ရှေ့လုပ်လုပ်ဆောင်သွားရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန်မေးမြန် ဆွေးနွေးခဲ့ပြီး စာသင်ကျောင်း လည်ပတ်နိုင်ရန် ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။






I am extremely impressed with your writing talents as well as with the format in your weblog. Is that this a paid subject or did you customize it your self? Anyway stay up the excellent high quality writing, it is uncommon to look a great blog like this one nowadays!