ဧပြီ ၅၊ VOR
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခ.မ.ရ (၅၆၁)ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁က သတင်းထုတ်ပြန်သည်။
ဧပြီလ ၄ ရက်နေ့ညနေပိုင်း နှင့် ညပိုင်းတို့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခ.မ.ရ (၅၆၁) တပ်ရင်းအား မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ရဲ့ ADF ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်မှုအတွင်း ခ.မ.ရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒါဏ်ရာရရှိခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကိုအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂ ရက်နေ့က ခ.မ.ရ (၅၆၁) တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများ အား မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဖက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ သည် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ ) ၊ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။





More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ