Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
April 30, 2026

နမ္မတူမြို့တွင် တအာင်းဥပဒေ အကယ်ဒမီကျောင်းအပတ်စဉ် (၂) ဖွင့်လှစ်၊ ကရင်နီပြည်မှ ကျောင်းသား/သူ(၄)ဦးအပါအဝင် (၅၀)ဦး တက်ရောက်ခွင့်ရ တအာင်းဥပ‌ဒေအကယ်ဒမီကျောင်း၏ အပတ်စဉ်များတွင် မည်သည့်လူမျိုးကိုမဆို တက်ရောက်ခွင့်ပြုသွားမည်

နမ္မတူမြို့တွင် တအာင်းဥပဒေ အကယ်ဒမီကျောင်းအပတ်စဉ် (၂) ဖွင့်လှစ်၊ ကရင်နီပြည်မှ ကျောင်းသား/သူ(၄)ဦးအပါအဝင် (၅၀)ဦး တက်ရောက်ခွင့်ရ

မတ် ၁၈၊ VOR

TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် တအာင်းဥပဒေ အကယ်ဒမီကျောင်းအပတ်စဉ် (၂)ကို ယမန်နေ့ မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်း၌ စတင်ဖွင့်လှစ်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယခု ဖွင့်လှစ်လိုက်သည့် အပတ်စဉ်(၂)တွင် တအာင်းပြည်နယ်အတွင်းရှိ နေရပ်အသီးသီးက တအာင်းလူငယ်မောင်မယ်များအပြင် ကရင်နီပြည်(ကယား)မှ ကျောင်းသား/သူ(၄)ဦးလည်း ပါဝင်ရာ စုစုပေါင်းကျောင်းသား/သူ (၅၀)ဦး တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား/သူများအနေဖြင့် သင်တန်းကာလ(၂)နှစ်အတွင်း၌ ဥပဒေပညာရပ်များကို အခြေခံကျကျလေ့လာသင်ယူရန်လိုအပ်ကြောင်း တိုက်တွန်း‌ပြောကြားပြီးနှင့် နောင်တွင် ဒီပလိုမာဘွဲ့အဆင့်ထက် မြင့်မားသည့် တက္ကသိုလ်ဘွဲ့များ ပေးအပ်နိုင်ရန် စီစဥ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တအာင်းဥပဒေအကယ်ဒမီကျောင်း၏ တာဝန်ခံဖြစ်သူ မိုင်း‌မျိုး‌အောင်ကလည်း တအာင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် တအာင်းပြည်နယ်အတွင်း လိုအပ်နေသည့် ရှေ့နေနှင့် တရားသူကြီးများ ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်ဟု ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ရှေ့ဆက်ဖွင့်လှစ်မည့် တအာင်းဥပ‌ဒေအကယ်ဒမီကျောင်း၏ အပတ်စဉ်များတွင် မည်သည့်လူမျိုးကိုမဆို တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းကို တကသိုလ် ဝင်တန်းအောင်အဆင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့TAL (Ta’ang Law Academy) က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ကမကထ ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်(၁)တွင် ကျောင်းသား/သူ(၃၀)ကျော် မွေးထုတ်နိုင်ခဲ့သည်ဟု သိရသည်။

အပတ်စဥ်(၁)ကျောင်းပြီးသွားသော ကျောင်းသား/သူများသည် လက်ရှိတွင် တအာင်းပြည်နယ်အတွင်း တရာဥပဒေစိုးမိုးရေးအတွက် အရပ်ဘက် တရားရုံးတွင်လည်းကောင်း၊ PSLF/TNLA၏ စစ်ဘက်တရားရေးဌာနတို့တွင်လည်းကောင်း ရှေ့နေအဖြစ် တရားစီရင်ရေးတာဝန်များ အသီးသီး ပြန်လည် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်ဟု သိရသည်။

You may have missed