ရှမ်းမြောက်ဒေသမှာ အောင်မြင်မှုရခဲ့တဲ့တိုင်းရင်းသားတပ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအစီအမံတွေနဲ့ တိုက်ပွဲတွေငြိမ်သက်နေဆဲပါ။ မြန်မာပြည်တောင်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအများအပြားရှိရာ ကေအန်ယူနယ်မြေ မြဝတီကော့ကရိတ်တဝိုက်မှာတော့ စခန်းသိမ်းတိုက်ပွဲများ စတင်ဖော်ဆောင်နေကြပါပြီ။ ဒီချိန်မှာပဲ မတ်လ ၇ ရက်နေ့ကစလို့ KIA ဟာ စစ်ကောင်စီရဲ့ လိုင်ဇာအနီးက စခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီရဲ့ ဒေါ့ဖုန်းယမ် ခလရ ၁၄၂ ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုလို KIA ရဲ့အောင်မြင်မှုအကြောင်းကို ကိုထက်က ပြောပြပါမယ်။
–
စစ်ကောင်စီဟာ ၄င်းတို့ရဲ့ တပ်ရင်းဗျူဟာကုန်းတွေ မကျရေးအတွက် လေကြောင်းပစ်ကူနဲ့ အသဲအသန်ကာကွယ်နေရပြီး ဘိုးဘွားရိပ်သာ ပါမကျန် ထင်ရာစိုင်း ကျူးလွန်ခဲ့ကြပေမယ့် အဆိုပါ ၃၅၅ တပ်ရင်းဟာ တော်လှန်တပ်များရဲ့သိမ်းပိုက်ခြင်းခံလိုက်ရပြီး လက်နက်အများအပြားကိုလည်း ဆုံးရှုံးသွားခဲ့ပါပြီ။ တော်လှန်ရေးတပ်တွေဘက်ကတော့ စစ်ရေးသတင်းများကို အလျင်စလိုမတင်ကြဖို့ သတိပေးထားကြောင်း သိရပြီး ၃၅၅ ကို သိမ်းပိုက်ပြီးနောက်မှာ အခြားတပ်ရင်းတွေဖြစ်တဲ့ ၃၅၆ နှင့် ၃၅၇ တို့ကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ သတင်းများကဆိုပါတယ်။ အခုလိုအောင်မြင်မှုရခဲ့ပေမယ့် တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်း (၁)၊ တပ်ခွဲ (၃)မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့ကြောင်း သိရှိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ