မတ် ၆၊ VOR
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk နှင့် NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် တို့ မတ်လ (၄) ရက်နေ့ က ဂျီနီဗာနိုင်ငံရှိ မဟာမင်းကြီး၏ ရုံးခန်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် လူ့အခွင့်အရေးမဟာမင်းကြီး၏တင်ပြချက်တွင်ပါဝင်သော အကြမ်းဖက်စစ်အုပ်စုက်ုလက်နက်နဲ့ ငွေကြွေး ဖြတ်တောက်မှုများ လုပ်နိုင်ရန်အတွက် အဓိပ္ပာယ် ရှိပြီးပိုမို ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့မှုအား ကြိုဆိုပါကြောင်းနှင့် အမျိုးသားညီညွတ််ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ၊အရပ်ဖက်အဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ်သည့် နိုင်ငံတကာ ချဉ်းကပ်မှုပုံစံအသစ်လိုအပ်ကြောင်း ပြောကြားခဲ့မှုကို ကျေးဇူးတင်ပြီးထောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍မြန်မာနိုင်ငံလက်ရှိ လူ့အခွင့်အရေးများကိုတင်ပြခဲ့ရာတွင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာရက်စက်သတ်ဖြတ်မှုများအကြောင်း၊ ပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေသည် လူငယ်ထု တခုလုံးအတွက်နှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း၊ ထိုမျှမက စစ်တပ်အတွင်း လူသားဒိုင်းအပါအဝင် အဓမ္မလုပ်အားစေခိုင်းခြင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဝင်ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများအပေါ် ယခုထက်ပိုမိုဆိုးရွားသည့် သက်ရောက်မှုများ တွန်းပို့ရာရောက်ကြောင်းအလေေးထားတင်ပြခဲ့ကြောင်း သိရသည်။
ရိုဟင်ဂျာပြည်သူများကို စစ်သားသစ်အဖြစ် စုဆောင်းရန်ကြိုးစားနေကြောင်း၊ ယခင်လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုန်း အသွင်ဖန်တီးပြီး နိုင်ငံရေးလွတ်လမ်းအဖြစ် လုပ်ဆောင်နေကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ထဲတွင် ယခုထက်ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ ဒီမိုကရေစီအင်အားစုများ ကို လူသားချင်းစာနာမှု၊ ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာ များ ပံ့ပိုးလုပ်ဆောင်ပေးရန်၊ အရေးယူမှုဆိုင်ရာ၊ တာဝန်ယူမှုဆိုင်ရာ လုပ်ဆောင်မည့်အကြောင်းအရာများကို ပြင်ဆင်လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့သည်။
လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်စစ်အုပ်စု ချိုးဖောက်နေသော ကိစ္စများအား တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရန်အတွက် လူ့အခွင့်အရေး လမ်းကြောင်းတင်မက တရားစီရင်မှု လမ်းကြောင်းများကိုပါ အသုံးပြုနိုင်စေရန် ဆက်လက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်ဖြစ်သည့် ဦးဂျာဘေတ် အီလောမ်လည်း တက်ရောက်ခဲ့သည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ