ဖေဖော်ဝါရီ ၂၇၊ VOR
သုံးနှစ်အတွင်း စစ်ကောင်စီ၏ ဝန်ကြီးအပြောင်းအလဲ စံချိန်တင်များပြားခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ ISP Myanmar ၏ ယနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ် ထိပ်ပိုင်းဖွဲ့စည်းပုံ မတည်ငြိမ်မှုနှင့် ဆက်စပ်ပြီး ISP-Myanmar က ဖော်ပြခဲ့သည့် ‘နေပြည်တော်လိုဂျီ – ၄’ ၌ ပါရှိသည့် ဒေတာ အချက်အလက်တခု ဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းမှုအလွန် သုံးနှစ်အတွင်း စစ်ခေါင်းဆောင်က အစိုးရအဖွဲ့ကို ၆ကြိမ်အထိ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနှင့် ဝန်ကြီးများ (ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ဒုဝန်ကြီးများ မပါဝင်) အဆင့်မှာတင် ၄၁ ကြိမ်ထက်မနည်း လဲလှယ်ခြင်း၊ ဖယ်ရှားခြင်းနှင့် အသစ်ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းပမာဏသည် သမ္မတ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရလက်ထက် ပြင်ဆင်ပြောင်းလဲမှုများနှင့် နှိုင်းယှဉ်လျှင် အများဆုံးဖြစ်ပြီး စံချိန်တင်ခဲ့သည်ဟု ISP Myanmar က ဖော်ပြထားသည်။
သုံးနှစ်အတွင်း စစ်ကောင်စီအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ (ဝန်ကြီးအဆင့်မှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အဆင့်အထိ) ၁၂၇ ဦး ရှိသည်တိုင်အောင် များပြားခဲ့ကြောင်း ISP Myanmarက ဆိုထားသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ