Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
September 23, 2026

မိုင်းပွန်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လမ်းများပိတ်ဆို့ထားသဖြင့် ခေါင်းနွဲ့တောင်တလျှောက် ပြည်သူများသွားလာရခက်ခဲနေ

မိုင်းပွန်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လမ်းများပိတ်ဆို့ထားသဖြင့် ခေါင်းနွဲ့တောင်တလျှောက် ပြည်သူများသွားလာရခက်ခဲနေ

ဖေဖော်ဝါရီ ၂၄၊ VOR

ဟန်နီကိုကို

ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လွိုင်လင်ဂိတ် နှင့် မိုင်းပွန်တံတားတွင် လမ်းများပိတ်ဆို့ထားသဖြင့် ခေါင်းနွဲ့တောင်တလျှောက် ပြည်သူများသွားလာရခက်ခဲနေကြောင်း ဒေသပြည်သူများထံက သိရသည်။

“မနက်ခင်းနေလေးတင် မိုင်ပွန်လမ်းမှာ လက်နက်ကြီး သံတွေ ကြားရတာ ရှိတယ် စကစက အဘသားသမီးဆိုပေးသွားတယ် ပြည်သူဆိုပေးမသွားဘူး ကားပင်လယ်ဖြစ်နေပြီ”ဟု ဒေသခံပြည်သူ တစ်ဦးက VOR ကိုပြောသည်။

ဖေဖော်ဝါရီ ၂၁ရက်နေ့ကတည်းက စစ်ကောင်စီနှင့် PNO ပြည်သူစစ်တို့ကတစ်ဘက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ပူးပေါင်းတပ်တို့က တစ်ဘက် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တောင်ကြီး-ဟိုပုန်း-မိုင်းပွန်-လွိုင်လင် လမ်းမကြီးတလျှောက် ပိတ်ဆို့ထားခြင်းဖြစ်သည်။

“မပြောပြတက်ဘူး ဂိတ်ကကောင်တွေ တစ်ယောက်တစ်ပေါက် စစ်ခွေး ရာထူး သေးသေးမရဘူး အကြီး က ရတယ် သူတို့ စကားပေါ်မူတည်နေတယ်”ဟုတန်းစီနေသူ ပြည်သူ တစ်ဦးက VOR ကိုပြောသည်။

ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ လွယ်ဝိုးတုတ်ကျေးရွာအနီး စခန်း၁ခုကို PNLA က ယမန်နေ့က သိမ်းပိုက်လိုက်ပြီး ဟိုပုန်းမြို့နယ် ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံစေတီတော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများကိုလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု PNLA က ယနေ့သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့သို့ စစ်မီးကူးစက်လာပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဆီဆိုင်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ ယခုဖေဖော်ဝါရီလတွင် ဟိုပုန်း၊ မိုင်းပွန်ထိ စစ်ရေးကျယ်ပြန့်လာခြင်းဖြစ်သည်။

မိုင်းပွန်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လမ်းများပိတ်ဆို့ထားသဖြင့် ခေါင်းနွဲ့တောင်တလျှောက် ပြည်သူများသွားလာရခက်ခဲနေ

https://web.facebook.com/VORLiveNews/videos/955344892627299

You may have missed