Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 29, 2026

မံစီမြို့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်က သေဆုံးမှုများပြားပြီး အသက်မပြည့်သေးသည့် စစ်မေများပါဝင်

မံစီမြို့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်က သေဆုံးမှုများပြားပြီး အသက်မပြည့်သေးသည့် စစ်မေများပါဝင်

ဖေဖော်ဝါရီ ၂၀၊ VOR

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်တို့က ယမန်နေ့က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများပြားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။

အဆိုပါစခန်းသည် နှစ်ပေါင်း ၃၀ ကျော်ရှိခဲ့ပြီး KIA ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမန်ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အင်အား ၂၀၀ အထက်ရှိသည့် အဆိုပါစခန်းမှ သေဆုံးမှုများပြားခဲ့ပြီး ရုပ်အလောင်းများတွင် အသက်မပြည့်သေးသည့် စစ်မေများပါဝင်နေကြောင်း Kachin News Group ၏ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း KIAနှင့် KPDF ပူးပေါင်းတပ်များကကချင်ပြည်နယ် မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်း ၃ ခုကို သိမ်းပိုက်ထားသည်။

You may have missed