Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
September 13, 2025

ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူကားတန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံး

ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူကားတန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံး၊ ပြည်သူများ အွန်လိုင်းပေါ်မှ သတင်းမှားများကို ယုံကြည်ပြီး နေအိမ်ပြန်ခြင်း၊ ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် တိုက်တွန်း

ဖေဖော်ဝါရီ ၂၀၊ VOR

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူကားတန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ၇ ဦးသေဆုံးခဲ့ရကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့မနက် ၆ နာရီခန့်တွင် ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူများ၏ ကားတန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၇ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရသူများလည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

မိဘပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် နှင့် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် PNLA ကတိုက်တွန်းထားသည်။

ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

You may have missed