Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
June 24, 2026

သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂)ခုဆုတ်ခွာသွား၊ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိ

သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂)ခုဆုတ်ခွာသွား၊ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၁၇၊ VOR

ကရင်နီပြည်နယ် ၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့မှ စခန်းစွန့်ခွာသွားပြီး ဟွေအွန်စခန်းမှ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သည့် ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ နောက်ဆုံးနေထိုင်၍ စခန်းများမှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်း နှင့် နန့်ပန်ချောင်းဘေးတွင် အခြေပြုထား သော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၃) ရက်နေ့ထိ ရဟက်ယဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စခန်းများအားစွန့်ခွာသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်းများမှာ ကရင်နီ-ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်းတပ်စခန်းများဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF B/21 နှင့် KNPLF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ကျားပါစပ်ကြီးစခန်း နေရာအား ကရင်နီတပ်မတော် (KA ) မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

You may have missed